ဘ၀ဆိုတာ

ဘဝဆိုတာကို .......
ခုံပုလေးတွေခင်း အကြမ်းအိုးတစ်လုံးချ
ကျစိမ့်တစ်ခွက်ကို တစ်ငုံချင်းမြုံ
ဖက်ကြမ်းတစ်လိပ် ရှိုက်ကာဖွါရင်း
အပြင်းစားရောခ့်သံစဉ် ဒါမှမဟုတ်
မြူးကြွနေတဲ့ရက်(ပ်;)ပင်တွေနားထောင်
ဒေါင်ဆိုင်ထိုင်သလို နေလို့မရမှန်းသိလိုက်ချိန်မှာ.........
အချိန်တွေပြောင်း ရက်တွေကနှောင်းခဲ့ပြီ။
ပြီးခဲ့တဲ့ အချိန်တွေကို~~
ပြန်လှည့်ကြည့်တော့လဲ
ကော်ဖီခါးခါးကြီးတစ်ခွက် မဟုတ်ခဲ့သလို
ချို့စိမ့်တစ်ခွက်လဲမဟုတ်ခဲ့ပြန်
ဆိုးတစ်ခါ ကောင်းတစ်လှည့်
2 in1 ကော်ဖီမစ်လောက် မချိုမခါးလေးပေါ့......
ကဲ...ခုရော ဘယ်လို သားကြီး~~
မေးလာပြန်ရင်တော့.........
ဘုရားပေးသလောက်လို့ ပြောရမလား..
ဇာတ်ဆရာအလိုကျလို့ဘဲ ဆိုရမလား......
ကံစီမံရာကိုဘဲ လက်ရေချိုးလို့ စောင့်နေဆဲပါ။
ဆိုက္ကားသမားဖြစ်လာမယ်ဆိုရင်
ခရီးသည်စေညွှန်ရာ ပို့ဆောင်နိုင်အောင်
အားမွေးထားသလို......................
ကုမ္မဏီဝန်ထမ်းဖြစ်လာမယ်ဆိုတော့လဲ
ဘောဇိအလိုကျ တာဝန်ကျေအောင်တော့
ကြိုးစားရင်း......................
လောကကြီးက အဆိုးအကောင်း
အတက်အကျ အနိမ့်အမြင့်တွေနဲ့
မျှတအောင် စီခြယ်ပြီးသားပါ။
တစ်ခုဘဲရှိတယ်~~~~~~~
ဖြစ်ချင်တိုင်း မဖြစ်တဲ့ ကမ္ဘာထဲ
ဖြစ်နေတာတွေကိုဘဲ
အကောင်းဆုံးထင်တိုင်းကြဲရင်း
“ဘုံဆိုင်တွေမှာသောက်ပြီး လမ်းပေါ်လျှောက်မလား......
သေမှာမကြောက်လို့ ပေတစ်ရာလျှောက်ကြမလား.............
အဆင်ပြေသလိုသာ လုပ်ကြပါတော့..................

ေ၇းသားသူ-နွေးနွေး

No comments:

Post a Comment