နိုးထခွင့်

အတိတ်က အမှတ်တရတွေ
ပျောက်ဆုံးသွားမှ
ရှင်သန်ခြင်းတွေ နိုးထမယ်ဆို
ငါ ထာဝရ သေဆုံးမယ်..။
ကော်ဖီတစ်ခွက် စာတစ်ရွက် နဲ့ 
ငါ့မနက်တွေ နိုးထရှင်သန်တယ် ..။
ဟိုးအဝေးကမှုန်ပြပြမှာ
အသက်မဲ့ နေတဲ့ သက်ရှိတစ်ကောင်..
နှလုံးသားက နိဒါန်းမှာတင်
သွေးတွေ နဲ့ စေးထန်း ခဲ့..။
အိမ်မက်ညက လက်ပြတော့
ငါ့...အတွေးတွေရုပ်သိမ်း
ချိတ်ပိတ်ထားခဲ့တာ ..ခုထိပါဘဲ့လေ..။
ငါဆက်သွားပါရစေ
မိုင်တိုင်းတွေကျော်ဖြတ်
အလင်းနှစ်နောက်ဆုံးနေ့ ရဲ့
အစိမ်းဖျော့ဖျော့ သစ်ပင်မှာ
အပြုံးတွေချိတ်ဆွဲ ပြီး
မဆုံး နိုင် တဲ့ ပျော်ရွှင်ခြင်းတွေ
နိုးထ ခွင့် ရပါရစေ....။
ေ၇းသားသူ-  နွေးနွေး

No comments:

Post a Comment