samsung galaxy y GT-S5360 ကို root လုပ်နည်း

ဘာမှ မလုပ်ခင် အရင်ဆုံး မိမိ ဖုံးက Settings > Applications > Development > USB Debugging  ကို အမှန်ခြစ်လေး တပ်ပေးထားလိုက်ပါ...။
ပထမဆုံး Root လုပ်ဖို့အတွက် update.zip ဖိုင်လေးကိုအောက်မှာ ဒေါင်းယူထားလိုက်ပါ...။
ပြီးရင် မိမိ ဖုံးကSD Card လေးထဲကို update.zip ဖိုင်လေးကိုကူးထည့်ပေးလိုက်ပါ
ပြီးရင်
SD Card လေးကို မိမိ ဖုံးမှာ ပြန်ထည့်ပေးပြီး (Switch off) ပါဝါ ပိတ်လိုက်ပါ...။
Recovery Mode ထဲကိုဝင်ပါမယ်...။
 Recovery Mode ဝင်ဖို့  Home Key ရယ် Volume အပေါင်း လက္ခဏာ Key လေးရယ် ပါဝါ အပိတ် အဖွင့်လုပ်တဲ့ Power ခလုတ် လေးတွေကို တစ်ပြိုင်ထဲ နှိပ်ပေးထားလိုက်ပါ..။  (HOME + Volume UP + POWER button)
Recovery Mode ထဲရောက်ပြီဆိုရင် Volume + , -  ခလုတ်လေးတွေကို အသုံးချပြီး  Update from sdcard ကို ရွေး Home ခလုတ် ကိုနှိပ်ပေးရင် သူ့ဘာသာသူ အလုပ် လုပ်နေပါလိမ့်မယ်... ခဏနေရင် reboot လုပ်ပါဆိုတဲ့ စာလေးပေါ်လာရင် reboot လုပ်ပေးလိုက်ပါ... မိမိ ဖုံးလေး ပြန်ပွင့်လာရင် "Super user"  ဆိုတဲ့ application လေးတစ်ခု ပေါ်လာပြီး Root လုပ်ပြီးကြောင်း ပြနေပါလိမ့်မယ်။


download------   mediafire
                             တိုက်ရိုက် ဒေါင်းလွတ် 




                            

 

No comments:

Post a Comment