လူသားဘဝ

ကမ္ဘာတချီ၊ အလှည့်အပြောင်း
အမြောက်အမြား၊ဒုက္ခဆင်းရဲ
ခပ်သိမ်းအပေါင်း၊လူသားတထွေ၊
ရင်ဆိုင်ကျော်ဖြတ်၊သမုဒ္ဒရာ
ဝမ်းတထွာအား၊သေသည့်တိုင်အောင်
ရှာဖွေကြံစ၊တနိုင်တပိုင်
မနိုင်တနိုင်၊ရာသီသုံးလီ
နွေမိုးဆောင်းအား၊အထိုက်အလျောက်
ကိုယ့်စွမ်းကိုယ်စ၊ရင်ဆိုင်ကျော်ဖြတ်
ဆံဖြူသွားကျိုး၊အိုမင်းရင့်ရော်
သွားရသော်ငြား၊ဘ၀တကွေ့
တဒဂ်တွင်း၊ကြုံတွေ့လေမျှ
အရာရာအား၊အတ္တမာန
မထားရှိပဲ၊အကောင်းရှုမြင်
မကောင်းစိတ်ကူး၊ဝေးလွင့်စင်
အကောင်းစိတ်ကူး၊တောက်တဲ့တကဲ့
တွယ်ကပ်ငြိတွယ်၊ထားရှိပါလေ၊



မိုးမခမင်းသား

No comments:

Post a Comment